ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပဲခူးမြို့မှ ပြည်သူများအတွက် ဆန်နှင့်စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ပဲခူး သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နေ ပြည်သူများအတွက် ဆန်နှင့်စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။ 

အဆိုပါ ဆန်နှင့် စားသုံးဆီများရောင်းချပေးလျက်ရာ ယနေ့တွင် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်၊ မင်္ဂလာလမ်းတွင် ဧည့်မထဆန်(၁)ပြည်လျှင် ငွေ(၁၆၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားသုံးဆီ(၁)ပိဿာလျှင် ငွေ(၃၉၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း ပဲခူးခရိုင်၊ ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး နောက်နေ့များ တွင်လည်း ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်းသို့ အလှည့်ကျလှည့်လည်၍ အဖွဲ့(၂)ဖွဲ့ဖြင့် လိုက်လံရောင်းချ ပေးသွားမည်ဖြစ်ပြီးဆန်နှင့် စားသုံးဆီရောင်းချရာ နေရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)