ဝါးခယ်မမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွပ်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဝါးခယ်မ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများ ရောင်းချမှု ရပ်တန့်မှုမရှိစေရေး၊ အကန့် အသတ်ဖြင့် ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများမြှင့်တင် ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီပျက်လပ်မှုမရှိစေရေးနှင့် မီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဟိန်းထက်လင်း