စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးနှင့် ဆီပြတ်လပ်မှု မရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး

ကျောင်းကုန်း ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက စက်သုံးဆီဆိုင်ကြီးများအား ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး ခဲ့ကြသည်။

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အနေဖြင့် စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တစ်ဆင့် ပြည်သူများစက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် ဖြည့်တင်းမှု ကြပ်မတ်ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ REGENCY,T S, DENKO အင်ကြင်းနီ စသည့် စက်သုံးဆီဆိုင်ကြီးများအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မော်တော်ယာဉ်စနစ်တကျ ထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနများမှ တာဝန်ခံများနှင့်အတူ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချသွားမည်ဖြစ်ပြီး စက်သုံးဆီများ ပြတ်လပ်မှုမရှိနိုင်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)