ကြံခင်းမြို့တွင် သွေးလွန်တုပ်‌ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကြံခင်း ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ် ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊  ဒေသနေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမှ ကင်းဝေးစေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်ပြီး ဩဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက  မြို့မရပ်ကွက်နှင့်ရွာသစ်ရပ်ကွက်နယ်မြေ(၃)အတွင်းရှိ နေအိမ်ခြံဝန်းများတွင် သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးဆောင်မှုဖြင့် အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၊  မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးခြင်း၊  ရေအိုး၊ ရေကန်များ၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေပုံးများတွင် ပိုးလောက်လမ်း ပေါက်ပွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင် များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းများ‌ကို (အပတ်စဉ်) အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြ ကြောင်းနှင့် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျန်းမာရေးမှ တာဝန်ရှိသူများနှင့် အတူ  အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)