နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

နတ်မောက် ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆရာများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းများ ပြုလိုက်ပြီးမှသာ ကာကွယ်ဆေးများဖြစ်သည့် မေးခိုင်ကာကွယ်ဆေးထိုးခြင်း၊ သံဓာတ်အားဆေးပြားများပေးခြင်း ပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ဆေးထိုး၊ ဆေးပေးခြင်းများကို အပတ်စဉ်တနင်္လာနေ့တိုင်း  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လှဝင်း