မော်လမြိုင်ကျွန်းမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း နည်းလမ်းများ အသိပညာပေး Talk Show ဆောင်ရွက်

မော်လမြိုင်ကျွန်း ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန Community Centre တွင် မနောသိဒ္ဓိ တိုင်းရင်းဆေးဆရာမမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း နည်းလမ်းများ အသိပညာပေး Talk Show အစီအစဉ်အား ယမန်နေ့ညနေ ၄ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းနှင့် မနောသိဒ္ဓိ တိုင်းရင်းဆေးဆရာမ ဒေါ်လွင်လွင်ချိုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အထွေထွေရောဂါကုသခြင်းများထဲမှ အဖြစ်များသည့် နေထိုင်စားသောက်မှုပုံစံ မှားယွင်းမှုကြောင့် လေငန်း၊ ခါးကြောညပ်၊ ခါးနာ၊ အရိုးကျီးပေါင်း၊ ဒူးနာ၊ အာရုံကြော၊ ဂေါက်၊ လေးဘက်နာ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါကုသခြင်းများ အကြောင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်နေပြည်သူများအနေနှင့် မနောသိဒ္ဓိတိုင်းရင်းဆေးခန်းတွင် လာရောက်ကုသလိုပါက အမှတ်(၁၁)ရပ်ကွက်၊ သုခလမ်း၊ အိမ်အမှတ်(၁၀)၊ ဒေါ်ခင်ပြုံးချိုနေအိမ်နှင့် အမှတ်(၁၃)လမ်း၊ လမင်းကုန်စုံဆိုင်တွင် လာရောက်ဆွေးနွေး မေးမြန်းနိုင်ကာ တယ်လီဖုန်းနံပါတ် 09250988895 သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)