ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ ကမ်းနီကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ငပုတော သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ လိုက်ပါ လျက် ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ​ဒေသခံပြည်သူများအား မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကြံရှိပါက ကာကွယ်ဆေးထိုးနှံကြရန်နှင့် သတ်မှတ်ထားသော အကြိမ်အရေအတွက် အပြည့်အဝထိုးနှံနိုင်ရေး၊ သွေးလွန်တုတ်ကွေး ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များ မပေါက်ဖွားနိုင်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ၊ ဆောင်ရွက်ကြရန်နှင့် ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်သူများ၏ စပါးပင်သီးနှံများကို ဖျက်ဆီးတတ်သော ရွှေခရု အန္တရာယ်မှ နှိမ်နှင်းကာကွယ်ရေး၊ မိုးစပါးစိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် နွေစပါး စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြ​ရေးတို့အတွက် ပြောကြားခဲ့သည်။

ထို့​နောက်အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်က မိမိဒေသလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေမှု နှင့် မိမိရပ်ရွာအေးချမ်းသာယာမှုရှိစေရေးအတွက် ပြည်သူပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အဖွဲ့ဝင်(၂) ဦးသန်းဦးမှ မိမိရပ်ရွာတည်ငြိမ်အေးချမ်းစွာရှိရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ပြီး လုံခြုံရေးဆောင်ရွက်ရန်၊ လမ်းမကြီးများဘေး တရားမဝင်ကျူးကျော် ဝင်ရောက်နေထိုင်သူများမရှိစေရေးအတွက် မှာကြားခဲ့သည်။ ​မြို့နယ်လယ်ယာ​မြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဝင်းက မြေယာအသုံးချမှုနှင့် တောင်သူများ သိသင့်သော လယ်ယာမြေအကြောင်း အရာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများက လိုအပ်သည်များ ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော )