ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဆိပ်ဖြူ ဩဂုတ် ၉

မကွေးတိုင်းဒေသသကြီး ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်များကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းတို့က ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေအိမ်များရှိ ခြင်များ ခိုအောင်းနိုင်သည့် နေရာများကို ခြင်ဆေးမှုတ်ခြင်း၊ သောက်ရေ၊ သုံးရေများ သိုလှောင်ထားရှိသည့် ရေကန်၊ ရေအိုးများအတွင်း ပိုးလောက်လန်းများ ပေါက်ဖွားခြင်းမရှိရေး အဘိတ်ဆေးများခတ်ပေးခြင်း၊ စွန့်ပစ် ပစ္စည်းများစနစ်တကျ စွန့်ပစ်ရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ အသိပညာပေးခဲ့ကြောင်း သိရသည်။    

စိုးလင်းနိုင်(IPRD)