နာဂဒေသ၊ ပန်ဆောင်မြို့၌အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ပန်ဆောင် သြဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပန်ဆောင်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအရောက် ထောက်ပံပေးခဲ့ကြောင်းသိရသည်။

ပန်ဆောင်မြို့တွင်ကျေးရွာ(၉)အုပ်စုမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၁)ဦးတို့အား မြို့လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေများဖြင့် လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ တတိယ(၃)လပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့အတွက် ဘိုးဘွားတစ်ဦးလျင်ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် (၃)လစာငွေကျပ် (၃၀၀၀၀) ကို ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရပ်ကျေးစာရေးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများမှ ဘိုးဘွား(၆၁)ဦးတို့ အတွက်ငွေကျပ်၁၈၃၀၀၀၀/-ကို ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)