မိုးညို ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၇၉•၂၅)သန်းဖြင့် ရွှေဥဒေါင်းရပ်ကွက်ရှိ သူရလမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းသည် အရှည် (၁၇၂၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၈) လက်မ ရှိကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကွန်ကရစ်လမ်းပြီးစီးပါက အလက(ခွဲ)ကျောင်းရှိသည့်အတွက် ကျောင်းသား၊ ကျောင်းသူ မိဘပြည်သူများ သွားလာရေး အဆင်ပြေမည့်အပြင် ကျေးရွာများမှဈေးရောင်းဈေးဝယ် လာရောက်သူများ မြို့တွင်းသို့ လာသွားလာရာတွင် ဖြတ်လမ်းအဖြစ် သွားလာနိုင်ကြောင်း၊ မြို့သန့်ရှင်းသာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့်သွားလာရေး အအဆင်ပြေလွယ်ကူမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ကိုမင်း(ပြန်/ဆက်)