တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ

တမူး စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ (၆) နာရီခွဲ အချိန်ခန့်က ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဖြန့်ဝေရာတွင် တမူးခရိုင်လူငယ်ရေးရာ ကော်မတီဝင်များ မှအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် ​နေအိမ်ပြင်ပသို့ ထွက်ခွာရာ၌ နှာခေါင်းစည်း (Mask) များ တပ်ဆင်၍ သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျ လိုက်နာစေရန် အသိပညာပေးခဲ့ပြီး စေတနာရှင်ပြည်သူများမှ လှူဒါန်း ထားသော နှာခေါင်းစည်း (၁၈၀၀) ခုတို့အား ဖြန့်ဝေပေးခဲ့ကြသည်။

တမူးခရိုင် လူငယ်ရေးရာ ကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကြိုတင်ကာကွယ်ရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အများပြည်သူများ သိရှိလိုက်နာစေရန် လူစည် ကားသည့် စျေးနှင့်လမ်းဆုံ၊ လမ်းခွများတွင် ပိုစတာများ ကပ်ထားကြေညာပေးမှုများကိုလည်း ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)