ဝါးခယ်မ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာ အူကျွန်း အ.ထ.က(ခွဲ)ကျောင်း၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂(ပြ) ဦးဟိန်းထက်လင်း၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ရှေ့ဦးစွာ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ လူငယ်နှင့် ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ခေါင်းဆောင်တစ်ဦး၏ ရှိသင့်ရှိထိုက်သည့် အရည်အချင်း များ၊ ခေါင်ဆောင်မှု၏ လိုအပ်ချက်များ၊ ခေါင်းဆောင်တစ်ဦး၏ အကျင့်စရိုက်ဆိုင်ရာ ပြည့်စုံရမည့်တန်ဖိုးများ၊ ခေါင်းဆောင်များဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)