အသက်မွေးဝမ်း​ကျောင်း ပညာသင်တန်း (Vocational  Education Training) (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ             ​

ချောက် ဇူလိုင် ၂၅

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့​ရေနံနှင့် သဘာဝဓာတ်​ငွေ့လုပ်ငန်း၊​ ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (မ​ကွေးတိုင်း​ဒေသကြီး)တို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်း ပညာသင်တန်း (Vocation Education Training) (၅/၂၀၂၂) အဖြစ် (စား​သောက်ကုန်သင်တန်း)(Bakery &  Snack) သင်တန်းဆင်းပွဲအခမ်းအနားကို ယ​နေ့ နံနက် ၉ နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မ​ကွေးတိုင်း​ဒေသကြီး အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြား​ရေးမှူး ဦးစိုးနိုင်ထူးက အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း​ပြောကြား​ပြီး ချောက်/လမ်းရွာ​ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာက အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) (၅/၂၀၂၂)အဖြစ်​ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့မှု အ​ခြေအ​နေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ချောက်/လမ်းရွာ​ ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာနှင့် တာဝန်ရှိသူတို့မှ သင်တန်း သား/သင်တန်းသူ(၂၄)ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ နှင့် သင်တန်းကာလအတွင်း စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ခဲ့သော သင်တန်းသား/သူ(၃)ဦးအား အမှတ်တရလုပ်ငန်းသုံးပစ္စည်း လက်ဆောင်များ ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ/ဆရာမများအား အမှတ်တရ လက်ဆာင်ပစ္စည်းများကိုလည်း​ကောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ရပ်မိရပ်ဖများအား ဒေသထွက်ကုန်ဖြင့် ပြုလုပ်ထားသည့် အမှတ်တရလက်​ဆောင်ပစ္စည်းများကိုလည်း​ကောင်း ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ စု​ပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့​ကြောင်း သိရှိရသည်။

ကျော်မိုး (ပြန်/ဆက်)