ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံမေးမြန်း

ပန်းတောင်း ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ငါးဆယ်ပေးအုပ်စု အုတ်ဖိုကျေးရွာနှင့် ဘုရားပေါ်ကျေးရွာတို့တွင် နွေစပါးစိုက်တောင်သူများနှင့် ယမန်နေ့က တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ငါးဆယ်ပေးအုပ်စု၊ အုတ်ဖိုကျေးရွာနှင့် ဘုရားပေါ်ကျေးရွာတို့တွင် တောင်သူ (၇၀) ဦးအား နွေစပါးစိုက်ပျိုးခဲ့ကြပြီး စိုက်ဧကပေါင်း (၁၀၆) ဧကရှိရာ (၄၅) ဧက ရိတ်သိမ်းပြီးဖြစ်၍ ရိတ်သိမ်းစပါးမျိုးများမှာ ပင်မမွှေး၊ ထိုင်းနှံကောက်နှင့် ရတနာတိုးစပါးများ ဖြစ်ကြောင်းသိရသည်။ စပါးအထွက်နှုန်းအနေဖြင့် (၁) ဧကလျှင် စပါးတင်း (၉၀) ခန့် ထွက်ရှိပြီး ကာလပေါက်စျေးနှုန်းမှာ (၈၈၀၀၀၀) ကျပ်စျေးနှုန်း ရောင်းချလျက်ရှိကြောင်း နွေစပါးစိုက်တောင်သူများ ကိုစားသုံးသူရေးရာဦးစီးဌာနမှ မေးမြန်းရာ ဦးကျောက်၊ ဦးတင်ဝင်း၊ ဦးစံမောင် စသည့်တောင်သူများထံမှ သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)