ပေါင်းတည် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့် သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပေါင်းတည် အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ဟောပြောပွဲတွင် ပေါင်းတည်မြိုနယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နီလာဝင်းက အားကစားနှင့် သိမှတ်ဖွယ်ရာများ၊ လူငယ်နှင့်ခေါင်းဆောင်မှု အကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူလေးများအား ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား အကြောလျော့လေ့ကျင့်ခန်းများ သင်ကြားပြသပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်အား ကျောင်းသား၊ ကျောင်းသူလေးများ ကစားရန်အတွက် ဘတ်စကက်ဘောနှင့် ဖူဆယ်ဘောလုံးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)