ပန်းတောင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အ.မ.က(လွန်)ဝန်လိုကျောင်းသို့ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ၂၀၁၉ ဥပဒေပါစားသုံးသူများ၏ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဆွေးနွေး ခဲ့ကြောင်းသိရသည်။
ထို့နောက်စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အ.မ.က(လွန်) ဝန်လိုကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသူ ကျောင်းသားဝန်လိုကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသား (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး