ဝါးခယ်မ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အနုပညာဝါသနာပါသူ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြပြီး ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ကာ တက်ရောက်လာသည့် ဝါသနာရှင်ပြိုင်ပွဲဝင် ကလေးများမှ တစ်ဦးခြင်း အဆို၊ အက၊ အရေး၊ အတီးများကို ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုဘာသာရပ်တွင် ဝါသနာရှင် (ဒုတိယတန်း) မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးတေးသီချင်း အခြေခံ အသက် (၁၀-၁၅)နှစ်နှင့် (၁၆-၂၀) နှစ်၊ အကဘာသာရပ်တွင် ဝါသနာရှင် (ဒုတိယတန်း) တပင်တိုင်အက အခြေခံအသက်(၁၀-၁၅)နှစ်နှင့် (၁၅-၂၀)နှစ်၊ အတီးဘာသာရပ် တွင် ဝါသနာရှင် (ဒုတိယတန်း) တစ်ဦးချင်းဆိုင်း အခြေခံအသက် (၁၀-၁၅)နှစ်နှင့် (၁၅-၂၀)နှစ်၊ တစ်ဦးချင်း စန္ဒယားနှင့် အခြေခံအသက် (၁၀-၁၅)နှစ်နှင့် (၁၅-၂၀)နှစ်တို့တွင် တစ်ဦးချင်းဆိုင်း၊ အခြေခံ အသက် (၁၀- ၁၅)နှစ်တွင် အဖွဲ့လိုက် အိုးစည်တို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)