လပွတ္တာခရိုင် မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဖွင့်လှစ်

လပွတ္တာ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို (၃)မိုင်မြို့သစ် ခရိုင်မီးသတ်စခန်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကား ပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်တိုးတက် မြင့်မားစေရန်နှင့် နိုင်ငံတကာ၌ ကျင့်သုံးနေသော အသက်ကယ်လုပ်ငန်းစဉ်နှင့် နည်းစနစ်များအား ကျွမ်းကျင်တက်မြောက်စေရန် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်တယ်။ ရည်မှန်းချက် တာဝန်ကြီး (၄)ရပ်ကို ချမှတ်ကာ မီးဘေးအန္တရာယ်အပါအဝင် အခြားဘေးအန္တရာယ်များ ဖြစ်ပွားလာတဲ့ အခါမှာလည်း ထိရောက်လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေး မီးလောင်မှုများအပြင် သဘာဝဘေးအန္တရာယ်များနဲ့ ယာဉ်မတော်တဆ တိမ်းမှောက်မှု၊ တိုက်ခိုက်မှုများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်ရာမှာ အမိန့်စောင့်ဆိုင်းစရာ မလိုကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်အပါအဝင် ယာဉ်တိမ်းမှောက်မှုများ၊ ယာဉ်တိုက်မှုများ အခြားသော ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် အခြေခံကြိုးချည်နည်းများ B.Aset သင်ခန်းစာများ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးပစ္စည်း Life Bouy အသုံးပြု၍ အသက်ကယ်ဆယ်ခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ခြင်း၊ Ladder Crain သင်ခန်းစာ၊ Vally Rescue သင်ခန်းစာများ စသော ရေပြင်၊ မြေပြင် ရှာဖွေကယ်ဆယ်ရေး သင်ခန်းစာများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား/သူ (၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်၍ ကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)