၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (အတည်ပြုအဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ
၂၀၂၃ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀ဝ နာရီအထိ လည်းကောင်း၊ နံနက် ၁၀ : ၃၀ နာရီမှ နံနက် ၁၁ : ၃၀ နာရီအထိ လည်းကောင်း၊ နံနက် ၁၁ : ၀၀ နာရီမှ မွန်းတည့် ၁၂ : ၀၀ အထိလည်းကောင်း ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။