၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ (ဆန်ခါတင်အဆင့်) အဖွဲ့ငယ် အစည်းအဝေး ကျင်းပ
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ (ဆန်ခါတင်အဆင့်) အဖွဲ့ငယ် အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဒေါက်တာကျော်ဝင်း၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးရဲထွဋ် (သန်လျင်-မောင်ဝင့်ဝါ)၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်) တို့က ခွင့်ပန်ခဲ့ကြသည်။
