၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၁) ရက်တွင် စာအုပ် (၈) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၂ - ၁၀ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၃) ထွက်ရှိ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၃) ၌ အဘွားသည် အဘိုးကို ကတိပေးထားသည့်အတိုင်း နွားကို ကြက်နှင့် အတွဲလိုက် တွဲရောင်းကာ နွားတန်ဖိုး၏တစ်ဝက်ကိုခွဲကာ အဘိုးအတွက် အလှူဒါနလုပ်ပေးပြီး ကျန်တစ်ဝက်ကို မိမိလုပ်ကိုင်စားသောက်ရန်အတွက် နွားလေးကို ပြန်ဝယ်လိုက်သည့် ဉာဏ်ထက်မြက်သည့် အဘွားအကြောင်းကို တင်ဆက်ထားသည့် “အဘိုးနဲ့ အဘွား” မျက်နှာဖုံးကာတွန်း၊

 ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်တွင် စာအုပ် (၁၂၇) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

လွင်မြန်မာ (မန်းတက္ကသိုလ်) ၏ “ပအိုဝ်းရိုးရာဒုံးလွှတ်ခြင်းဓလေ့နှင့် ဗမာဒုံးချင်းကဗျာများ” စာအုပ်ကို ဖြန့်ချိ

ပအိုဝ်းတိုင်းရင်းသားမျိုးနွယ်စု ဆင်းသက်လာပုံ၊ ဒုံးဝေါဟာရအဓိပ္ပာယ်၊ ဒုံးသမိုင်း၊ ဒုံးလွှတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဒုံးအသေး၊ ဒုံးအကြီးပြုလုပ်ပုံအဆင့်ဆင့်၊ ယမ်းပြု လုပ်ပုံ၊ ရောစပ်ပုံ၊ ယမ်းထည့်သွင်းပုံ၊ နောက်ပိတ်ကို မြေကြီးဖြင့်ပိတ်ပေးရပုံ၊ ယမ်းထောင်းဆုံနှင့် မီးရိုက်ခုံပြုလုပ်ပုံ၊ ပဲ့တံပြုလုပ်တပ်ဆင်ပုံ၊ လွှတ်ကွင်းပြုလုပ်ပုံနှင့် ပူဇော်ပသပုံ၊ လွှတ်စင်ပြုလုပ်ပုံ၊ ပြိုင်ပွဲ လောင်းကြေးတင်ရပုံ၊ ဆုငွေရရှိပုံ စသည်တို့အပြင် ပအိုဝ်းတိုင်းရင်းသားတို့၏ ဒုံးလွှတ်ရာတွင် သီဆို ကခုန်ကြပုံနှင့် ဓနု၊ ယင်းနက်တို့၏ ရိုးရာဒုံးလွှတ်ခြင်းဓလေ့များကိုပါ ပြည့်ပြည့်စုံစုံ သုတေသနပြု ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ အများပြည်သူထံမှ  တုံ့ပြန်မှုရယူခြင်း (PFP) အစီအစဉ် 

၂။    ပြည်သူများအနေဖြင့် ဝန်ဆောင်မှုရယူခဲ့သည့် ဌာန/အဖွဲ့အစည်းထံမှ မိမိတို့၏ လက်ကိုင် ဖုန်းများသို့ ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ Short Code နံပါတ် “1111” အသုံးပြု၍ SMS များ ပေးပို့မေးမြန်းလာပါက မှန်ကန်စွာ ပြန်လည်ဖြေကြား၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်း အရည်အသွေးနှင့် လိုအပ်ချက်များကို အချိန်မီပြုပြင်နိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ရရှိလာမည်ဖြစ်သည်။
Subscribe to

အကြံပြုစာ/တိုင်ကြားစာ