“အမျိုးသားစာပေဆုရ အောင်စိုး (စိုက်ပျိုး/၁၀၇)” ရေးသားသည့် “အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ စီးပွားဖြစ် လုပ်ကိုင်နိုင်မည့် နည်းလမ်းများ” စာအုပ် ဖြန့်ချိ
စာဖတ်ပရိသတ် တိုးပွားရန်နှင့် စာဖတ်သူများ အဖိုးနှုန်း ချိုသာစွာ ဖတ်ရှုနိုင်ရန် ရည်ရွယ်လျက် ၁၉၆၄ ခုနှစ်မှ စတင်တည်ထောင်လာခဲ့ သည့် စာပေဗိမာန် စာအုပ်အသင်းသည် စာပေဗိမာန် စာမူဆုနှင့် ပခုက္ကူစာပေဆု ပြိုင်ပွဲများမှ ဆုရစာမူများကို ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေပြီး အသင်းဝင်များသို့ လစဉ်တစ်အုပ်စီ ဖြန့်ချိပေးပို့လျက် ရှိပါသည်။