ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ၈ မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီပညာသင်တန်း(အခမဲ့) ဖွင့်လှစ်

လူငယ်များ အနုပညာကိုချစ်မြတ်နိုးစေရန်၊ ပန်းချီအခြေခံပညာတတ်မြောက်စေရန်၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေများဖတ်ရှု့လေ့လာနိုင်စေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လူစည်ကားရာ နေရာများနှင့် ကျေးရွာတချို့၌ သွားရောက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင်  “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင်  စာရေးဆရာ အောင်ကိုဦး (UMK)ရေးသားသည့် “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ဖွင့်လှစ်

လူငယ်များ အနုပညာကိုချစ်မြတ်နိုးစေရန်၊ ပန်းချီအခြေခံပညာ တတ်မြောက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

တနင်္သာရီမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ (Community Centre) လူထုအခြေပြုဗဟိုဌာနအတွင်း ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်က အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5)အတန်းနှစ်ဆုံးအစိုးရစစ်စာမေးပွဲ ဖြေဆိုပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အ‌ခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) (Grade-9) အစိုးရစစ်စာမေးပွဲကြီးများ ဖြေဆိုလျက်ရှိရာ ယနေ့ (Grade-5) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) အဖွဲ့မှ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ခန်း မတွင် ရေးသူ၊ ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့တွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာ အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်သည်။

မလှိုင်မြို့၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေး

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အဆိုပါဘဏ်ရုံး၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ