ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မတ်လ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် လူထုအခြေပြုဗဟို ဌာနတွင်ဖွင့်လှစ်သည့် ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်အားပေး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းအချိန်က ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့သည်။

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပခုက္ကူမြို့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ်/ကျေးရွာများတွင် ဖွင့်လှစ်လျက်ရှိသော စာကြည့်တိုက်များ ရေရှည်တည်တဲ့တံ့ခိုင်မြဲစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေလယ် (၁၂)နာရီခွဲက တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၄၃၈)ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၄၃၈)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်း ပြင်ဦးလွင်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၅) ဦးကို အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့မှာ တတိယနေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ၂ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အားကစားစိတ်ပါဝင်စားလူငယ်များ တက်ရေက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ရပ်/ကျေးစာအုပ်ကြည့်တိုက်များ ဖွံဖြိုးတိုးတတ်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်/ကျေး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကော့သောင်းမြို့နယ်လုံးဆိုင်ရာ (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာပြန်စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်တော်အေးသာသနာဗိမာန်တော်တွင် ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ကြီးကြပ်‌‌ရေးဆရာတော်ကြီးများ၊ စာ‌‌ထောက်၊ စာမဆရာတော်များ၊ ပုစ္ဆကဆရာတော်၊ စာအောင်သံဃာတော်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာပြန်ပွဲဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ