ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဖြူးမြို့နယ်၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်အပြင် စာအုပ်စာစောင်များကို အလွယ်တကူပိုမိုငှားရမ်း ဖတ်ရှုနိုင်စေရေးအတွက် ဖြူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က အခြေခံပညာအထက်တန်း​ကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊  တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့်(Book Club) အဖွဲ့များပူးပေါင်း၍  စာရေးဆရာ‌ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”  စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အ.မ.က(မြို့သစ်)၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကော့မှူးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အ.မ.က (မြို့သစ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌နှင့်နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ် အ.ထ.က(မင်းကွက်)၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးတို့အတွက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဗီဒီယိုဖိုင်များ တည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများနှင့် သတင်းလုပ်ငန်းများတွင် လွယ်ကူလျှင်မြန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ဗီဒီယိုဖိုင်များ တည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ပဲခူးမြို့၌ (၇၇) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ​ဟော​ပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲများကျင်းပ

ပဲခူးမြို့တွင် (၇၇) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကို ယနေ့နံနက် (၁၀) နာရီက ပဲခူးခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့​သည်။

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြပွဲကျင်းပ

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်းပရာ ပြည်မြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၁ဦး တက်ရောက်သည်။

သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်း စိန်ပန်းခန်းမတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ