ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မင်းဘူးမြို့၌ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးတို့အတွက် ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို  ကျင်းပပေးခဲ့ကြောင်း  သိရသည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်များကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဟောပြောပွဲ၊ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲနှင့် ပန်းခင်းစီမံချက်အဆင့် (၃)၊ Biometric ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက  အဆိုပါမြို့နယ်ရှိ (ဈ) ရပ်ကွက်၊အ-ထ-က (၂၇)ကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပသည်။      

အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သွားရောက်၍ စာအုပ်စာစောင်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်းများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဂေါ်ရခါးသီးပင်များ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစု စားသုံးရန်နှင့် အပိုဝင်ငွေ ရရှိစေရန် မိုးရာသီကာလ၌ ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ကျပ်သိန်း ၁၅၀ ဖြင့် ဆောက်လုပ်လျက်ရှိသော စာကြည့်တိုက်နှစ်တိုက်အား အပတ်စဥ်ကြည့်ရှုစစ်ဆေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ကံရွာနှင့်ထိန်ကုန်းကျေးရွာများ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်နေမှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်ဆောက်သည့် ကျေးရွာများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် စာဖတ်ရှိန်မြှင့်တင်းရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက်ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) ၌ ကျင်းပခဲ့သည်။

နတ်တလင်းမြို့စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အ.ထ.က နတ်တလင်းကျောင်းတွင် ကျင်းပမည်ဖြစ်ရာ အကြိုပြိုင်ပွဲများကို ယမန်နေ့ကကျင်းပခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဗိုလ်တထောင်မြို့နယ် မြို့နယ်စာတိုက်တွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများ ကျင်းပပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ