မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်စာရေးဆရာများဖြင့် (၉၀)ကြိမ်မြောက် စာဖတ်ဝိုင်း ကျင်းပ
မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်ရှိန်မြင့်မားရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စာရေးသူ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်စာရေးဆရာများဖြင့် (၉၀) ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။