ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

သာပေါင်းမြို့နယ်တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာ ပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လှေကြီးတတ် ကျေးရွာအုပ်စု၊ လှေကြီးတတ် ကျေးရွာ အ‌ခြေခံပညာအထက်တန်းကျောင်း(လှေကြီးတတ်)၌ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံစာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဖြစ်သော အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်းကျောင်း (ရွာထောင်ကုန်း) ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးလက်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဝင်၊ ဆယ်အိမ်စုမှူးများအား ထောက်ပံ့လှူဒါန်းပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးလက်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ ဆယ်အိမ်စုမှူးများအား ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ရုံးခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် တိုင်းဒေသကြီးအမျိုးသမီးရးရာအဖွဲ့၊ နာယက အဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာမှ ဆယ်အိမ်စုမှူးများ တက်ရောက်သည်။

မိတ္ထီလာမြို့နယ် ဖလံကျင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ(ပထမ)အကြိမ်ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မုန်တိုင်ကျေးရွာအုပ်စု၊ ဖလံကျင်းကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(ပထမ)အကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန့်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု့ စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အိမ်တွင်းမှု သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကို အခြေခံ၍ ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဇီးကုန်း)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲတက်ရောက်၊ မြိတ်တက္ကသိုလ်ဓမ္မာရုံ အချောသပ်လုပ်ငန်းများနှင့် ပင်မဆောင်သာယာလှပရေးဆောင်ရွက်မှုကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက မြိတ်မြို့ အထက(၁)ကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ စောင်းအတီးပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Signing Room ၊ Banquet Hall ၊ Plenary Hall ၊ News Briefing Room ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင်ဇာတ်ရုံတို့တွင် ကျင်းပလျက်ရှိရာ စောင်းအတီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားပြတိုက်ခန်းမတွင် ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်းပါးရှင် အေးအေးနွဲ့(မြန်မာစာ)ရေးသားသည့် “ကောင်းသောစိတ်ဖြင့်သာ”ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ