ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ငါးသိုင်းချောင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးကျေးရွာအုပ်စု အ.ထ.က(ခွဲ) ဒေါင့်ကြီးကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ၊ နယ်လှည့်စာဖတ်ဝိုင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားလှုပ်ရှားမှုများကို ပညာရေး၊ ကျန်းမာရေး၊ အား/ကာနှင့် ပြန်/ဆက် ဉီးစီးဌာနများ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀း၀၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

တိုက်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့ ၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့်  အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ (လူငယ်နှင့် ပညာဆိုင်ရာစာစု) စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အများပြည်သူအသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊

အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း ၍ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး Mobile  Library ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင်  ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် စာပေဖတ်ရှုမှုစာဖတ်ရှိန်နှုန်း မြင့်မားတိုးတက်စေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများသည်အခြေခံ ပညာအထက်တန်းကျောင်းထ-ခွဲ(၁)တွင်Mobile Libraryကွင်းဆင်းဆောင်ရွက်ပေးသည်။

သဲကုန်းမြို့ လူထုအခြေပြုဗဟိုဌာန၌  "မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌

စဉ့်ကိုင်မြို့နယ်တွင်(ဒုတိယအကြိမ်)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး

သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများ၌ အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် အသက်(၉)နှစ်မှ(၁၀) နှစ်အထိ အမျိုးသမီးငယ်များကို မြို့နယ်အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ (ဒုတိယအကြိမ်) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ​​​ယ​နေ့နံနက်ပိုင်းက စက်တင်ဘာ(၁၃)ရက်​နေ့တွင် ကျ​ရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေး​နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေးအတွက် အသိပညာပေး Talk Show ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ