ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ သတိုးနွယ်ရေးသားထားသည့် "သူတို့ဘာကြောင့် အောင်မြင်သွားကြတာလဲ" စာအုပ်အား ယနေ့နံနက် (၉) နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြင့်  ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီက စာရေးဆရာမပေါက်ပေါက်နှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်တွင်သုတ/ရသစာပေမျိုးစုံ လွယ်ကူစွာဖတ်ရှုနိုင်ရန် Mobile Libraryစနစ်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာပေဗဟုသုတရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့နေ့လည်ပိုင်းက Mobile Libraryစနစ်ဖြင့် စာအုပ်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ကြသည်။

လူငယ်နှင့် အွန်လိုင်းအကြောင်းအသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆယ်ကျော်သက် လူငယ်လူရွယ်လေးများ အွန်လိုင်းအသုံးပြုခြင်းနှင့် ပတ်သက်၍  သိကောင်းစရာများကို စာရေးဆရာ မောင်နေအေး(G.T.I)နှင့် ရန်ကင်းမြို့နယ်ရုံးမှ ဝန်ထမ်းများနှင့် ယနေ့ နံနက် ၀၉:၅၀ နာရီက လူငယ်နှင့် အွန်လိုင်းအကြောင်း အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့်နံရံကပ်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/သူများနှင့် စာဖတ်ပရိတ်သတ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီကအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့အထိမ်းအမှတ် Talk Show ပြုလုပ်

ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယ​မန်နေ့မွန်းလွဲ(၁:၀၀)နာရီက စက်တင်ဘာ(၈)ရက်​နေ့တွင်ကျ​ရောက်သည့် နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ်အဖြစ် Talk Show  ပြုလုပ်‌ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို

ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

စက်တင်ဘာလ(၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ