ချမ်းအေးသာစံမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် သတင်းရေးသားပေးပို့နည်း သင်တန်းဆင်းပွဲ ကျင်းပ
သတင်းရေးသားပေးပို့ရာတွင် အရည်အချင်းပြည့်ဝသည့် သတင်းထောက်များ ပေါ်ထွန်းလာစေရန်နှင့် အရည်အသွေးပြည့်မီသည့် သတင်းများ ရေးသားပေးပို့နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် သတင်းရေးသားပေးပို့နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။