ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူအသိပညာပြန့်ပွား ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွင်ခြင်း၊ မိမိဌာနအတွင်းရှိ ဝန်ထမ်းများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် ဌာနတွင်းစာဖတ်ဝိုင်များ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Cemtre ခန်းမတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

သီတင်းကျွတ်ကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စေရန် ပြပွဲပြိုင်ပွဲများ ဆောင်ရွက်ပေး

သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကို ချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန် ရည်ရွယ်၍  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြပွဲပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေ ပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး နည်းပညာကျွမ်းကျင်မှု အရည်အသွေးမြင့်မားလာစေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃) ကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက် များနှင့်အညီဖွင့်လှစ်သည်။

မင်းလှမြို့တွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းအခမဲ့သင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊လူ ထုအ‌ခြေပြုဗဟိုဌာန (Commu nity Centre)ခန်းမ၌ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ် ခြင်းအခမဲ့သင်တန်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်ကဖွင့်လှစ်ခဲ့သည်။

စလင်းမြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်က စားသုံးသူ ရေးရာ ကာကွယ်ရေး ဥပဒေအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုရရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ (Talk Show)ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် (၁၀)နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့(World food day)အထိမ်းအမှတ် (Talk Show)ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ခရိုင်)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့(World food day)အထိမ်းအမှတ် (Talk Show)ကို ယနေ့နံနက်(၁၁:၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်နှင့်စာပေအသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Book Club)အသင်းတို့ပူးပေါင်း၍ လူငယ်နှင့်စာပေ အသိပညာပေး Talk Show ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ဒေါက်တာခင်စန်းမော်၏"ပညာရှင်စိတ်ထား"  စာအုပ် စာဖတ်ဝိုင်းကို  ယနေ့နေ့လယ် ၁ နာရီအချိန်က ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ