ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ(၂) နာရီက စကားပုံဆက်ပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။