တောင်သာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

တောင်သာ   အောက်တိုဘာ ၁၈

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့်စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀နာရီအချိန်က  အမှတ်(၂)အခြေခံမူလတန်းကျောင်း၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ကျောင်းသား/ကျောင်းသူများ ကျောင်းစာကိုကြိုးစား သင်ယူကြရန်လိုကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန်အတွက်လည်း အားလပ် ချိန်၌ ပြင်ပဗဟုသုတ ဖြစ်ဖွယ်ရာ စာအုပ်များကိုလည်း လေ့လာကြစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများသည် လူငယ်လူရွယ်များပီပီ တက်ကြွစွာဖြင့် ကောင်းသောအတွေး၊ ကောင်းသောအပြု အမူများဖြင့် မိမိတို့အနာဂတ် သာယာလှပစေရေးအတွက် ကျောင်းစာကို အထူးကြိုးစားသင်ယူကြရမှာဖြစ်ပါကြောင်း စသည်များ ပြောကြားပြီးနောက် ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထရရှိစေရန်နှင့် အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၌ စာဖတ်ဝိုင်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                    

အဆိုပါအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းသို့ အမှတ်(၂)အခြေခံမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)