ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပုသိမ်ကြီးမြို့နယ် Community Centreတွင်အမျိုး သားနေ့အကြို ပြပွဲပြိုင်ပွဲဟောပြောပွဲများ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အမျိုးသားနေ့အကြို အထိမ်းအမှတ်ပြပွဲပြိုင်ပွဲ ဟောပြောပွဲများကို ယနေ့ နံနက်ပိုင်းတွင်ပြုလုပ် ကျင်းပခဲ့သည်။

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် ပညာနှင့်ကန်တော့ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့သည်။

စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး Talk Show ကော့မှူး၌ ကျင်းပ

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Book Club အဖွဲ့များဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရန်ကုန်တောင်ပိုင်းရိုင်၊ ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် တရားမဝင် ကန့်သတ် ကုန်ပစ္စည်းများ ကုန်သွယ်ရောင်းချခြင်း မရှိရေး စစ်ဆေးဆောင်ရွက် 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် တရားမဝင် ကန့်သတ် ကုန်ပစ္စည်းများကို သယ်ယူ၍ ရောင်းချ ဖြန့်ဖြူးခြင်း မရှိစေရန် မြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဆိပ်ဖြူမြို့ အနော်ရထာ တံတားထိပ်၌ စစ်ဆေး ဆောင်ရွက်သည်။

ကလေးမြို့တွင် ပြည်သူများ  ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask  Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွား ပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး   Mask  Campaign ဆောင်ရွက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကမ္ဘာ့ကုလသမဂ္ဂနေ့အထိမ်းအမှတ် Talk Show ကျင်းပ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင်  ကျရောက်သည့် ကမ္ဘာ့ကုလသမဂ္ဂနေ့ အထိမ်းအမှတ် Talk Show ကို ယမန့်‌နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်သာယာ(အနောက်ပိုင်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ