ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

သာယာဝတီမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသည့် အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ဒဂုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွား​စေရန်စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ စာအုပ်/စာစောင်များ ခင်းကျင်းပြသ၍ စနစ်တကျငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသား/သူများအား ယနေ့မွန်းလွဲ ၁၂နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ စာအုပ်/စာစောင်များကို ခင်းကျင်း ပြသ၍ စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ (၂)နာရီက အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေးTalk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဒေါ်သန်း သန်း၀င်း(မြန်မာ့ရုပ်သံ-ငြိမ်း) ရေးသားပြုစုထားသည့်"အခမ်းအနားမှူး‌ကောင်းတစ်ယောက်" စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.လ.ကကိုင်းကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။

တံတားဦးမြို့နယ် (Community Centre )ခန်းမ၌  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre) ခန်းမတွင်(၁၀၂)နှစ်မြောက် အမျိုးသာအောင်ပွဲနေ့အထိမ်းအမှတ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်သည့် အလေ့အကျင့်များ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကျင်းပ

 စာဖတ်သည့် အလေ့အကျင့်များ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ် Community Centre တွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင်ရေးတို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး‌ အသိပညာပေးဟောပြောပွဲများ ပြပွဲ၊ပြိုင်ပွဲများကို လစဉ်ကျင်းပ

မဟာအောင်မြေမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ "အမွှေးဆုံးဂုဏ်အသင်းဆုံးရနံ့ " စာဖတ်ဝိုင်းကို ယ‌နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ