မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် လူငယ်စကားဝိုင်းကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၅) အခြေခံ ပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို အဆိုပါစာသင်ကျောင်းရှိ သဟာရညီမူယာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။