ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၁၀နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြဗဟိုဌာနတွင် သင်တန်း ဆင်းပွဲကျင်းပခဲ့သည်။

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။

နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအ‌ခြေခံအားကစား သင်တန်းများဖြစ်ကြသည့် မြန်မာ့သိုင်း(ဗိုဗီနမ်)၊ ဝူရှူး၊ Fitness Dance နှင့် ဘောလုံးသင်တန်း ဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌  ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံကွန်ပျူ တာသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပခဲ့သည်။

လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာကြည့်တိုက်သို့ ပြည်သူလူထုများ စဥ်ဆက်မပြတ် စာအုပ်စာစောင်များ လာရောက် ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ နေ့လယ်(၁၂)နာရီအချိန်က ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ကျင်းပသည်။

ညောင်လေးပင်မြို့၌ စာဖတ်ပရိတ်သတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသော စာအုပ်များအား ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်များအား ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ