အမရပူရ မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူလေးများ နွေရာသီကာလ စာကြည့်တိုက်ကို ပျော်မွေ့စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာအခြေခံသဒ္ဒါ (Grammer)နှင့် မြန်မာစာစာစီစာကုံးသင်တန်းကို ယမန်နေ့နေ့ ၁ နာရီမှစ၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက ပြောကြားခဲ့သည်။ မြန်မာစာစာစီစာကုံးကို စာရေးဆရာဦးမြတ်စိုး (စိုးအမရ)နှင့် စာရေးဆရာ ဦးစိန်မောင်းသန်း၊ အမရတို့က မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ သင်ကြားပြီး ၂ နာရီဆယ့်ငါးမှ ၃ နာရီဆယ့်ငါးထိ ဆရာ ဆန်းထွန်းမင်းက အင်္ဂလိပ်စာအခြေခံသဒ္ဒါ(Grammer)ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို မတ်လ ၂၉ ရက်နေ့မှဧပြီလ ၇ ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)