တနင်္သာရီမြို့နယ်တွင် လူငယ်လူအရွယ်များ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်း ကျင်းပ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ အ.ထ.က-တနင်္သာရီ ပညာရတနာခန်းမအတွင်း ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ကျောင်းသားလူငယ်လူရွယ်များ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.က-တနင်္သာရီ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ၊ Grade-11 အတန်းမှ ကျောင်းသား/သူ (၁၅၀)ကျော်တို့ တက်ရောက်ခဲ့ကြသည်။