ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကြံခင်းမြို့နယ် (အ.မ.က)အင်တိုင်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က)အင်တိုင်းကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်  စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ကြသည်။

ပျော်ဘွယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဩဂုတ်လ(၂၁)ရက်၊ နံနက်(၁၀)နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

မန္တ‌လေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် လစဉ်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။

သရက်ချောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

ကသာမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူလူငယ်များကို စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်လာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းတုန်းမြို့နယ် ပန်းတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပန်းတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ စကားပြောစွမ်းရည် မြင့်မားလာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပခဲ့သည်။

ရွှေပြည်သာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူငယ်များအသိပညာ၊ အတတ်ပညာများပိုမိုဖွံဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌ ရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့‌သည်။

ကျုံပျော်မြို့ အ.ထ.က-၂ တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လူငယ်များ အသိပညာဗဟုသုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်-၂ အခြေခံပညာ အထက်တန်းကျောင်း၌ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ရေလိန်ကျေးရွာ(အ.မ.က)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မောိလမြိုင်ကျွန်းမြို့နယ်၊ ရေလိန်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတများတိုးပွားပြီး၊ ပြင်ပဗဟုသုတများ စုံလင်စွာ ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်(၁ဝ)နာရီအချိန်က ရေလိန်ကျေးရွာ (အ မ က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ