ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ကျောင်းပတ်ဝန်းကျင်များနှင့် ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မကွေးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မကွေးတပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီက ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာ အ.ထ.က(၃)၌ စာပေဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အ.ထ.က(၃) အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီအချိန်က စာပေဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာပေဟောပြောပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာပေဟောပြောပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

သရက်ချောင်းမြို့တွင် မူးယစ်ဆေးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတက်စေရန် ရည်ရွယ်၍  ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ် အ.ထ.က ထန်းကုန်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် အ.ထ.က ထန်းကုန်း၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ စာကြည့်တိုက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ စီစဉ်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲအခမ်းအနားကို ဩဂုတ် ၃၀ ရက်၊ နံနက် ၉ နာရီက အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၁)နာရီက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ပုံတူပန်းချီပြိုင်ပွဲနှင့် တစ်လအတွင်း စာဖတ်စာငှား အများဆုံးဆု ချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကာယ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်မြင့်မားလာစေရန်၊ စာကြည့်တိုက်ကိုအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် စာပေမှ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကလေးများ စိတ်ကြိုက်ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အားကစား အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကိုယ်လက်လှုပ်ရှားကစားသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ဟောပြောသည့် အားကစားအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ အထက်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ