ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အ.ထ.က ကျိန္တလီကျောင်းရှိ ဆရာ/မများနှင့် မြို့စည်ပင်သာယာရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

တပ်ကုန်းမြို့၌ အခြေခံပညာအထက်တန်းကျောင်း(မကျီးပင်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(မကျီးပင်)တွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြပွဲ၊ ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ပြပွဲ၊ ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre )အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်များကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေးဟောပြောပွဲ၊ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ  ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ  စာရေးဆရာမ မေချို (ပျဉ်းမနား) ရေးသားထားသည့် “မြန်မာကို မြန်မာတို့ သိစေချင်နှင့်အခြားဆောင်းပါးများ” စာအုပ်ကို ယ‌မန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာရေးဆရာအသင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းအစည်းအဝေး ကျင်းပပြုလုပ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် စာရေးဆရာ‌အောင်ဆင့်၏ “ဂျပန်သွား...တောလား” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၄) အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ပါသည်။

မုံရွာမြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် Talk Show ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူကိုဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပြန့်ပွားရေး ပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ Talk Show များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies)အထိမ်းအမှတ် Talk Show အစီအစဉ်ကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ရိုက်ကူးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များ လာရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နေ့လယ် (၁၁)အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က(ခွဲ)ဘဲဂရက်ကျောင်းသို့ သုတ၊ရသ စာအုပ်/စာစောင်မျိုးစုံယူဆောင်၍ လာရောက်ငှားရမ်းပေးခဲ့ကြသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ