ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ နံနက်(၁ဝ)နာရီက စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

သာကေတမြို့နယ်တွင် အမျိုးသမီးအိမ်တွင်းမှုပညာသင်တန်း (အခမဲ့)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ် အမျိုးသမီးများအသင်း (Women Club)  တို့ ပူးပေါင်း၍  တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပညာဖြင့် တစ်ဖက်တစ်လမ်း အကျိုးပြုစေရန်ရည်ရွယ်၍ အမျိုးသမီးအိမ်တွင်းမှုပညာသင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နေ့လယ်(၁၂:၃၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အိမ်တွင်းမှုသင်တန်းအဖြစ် (Fancy) အလှပန်းအိုး ပြုလုပ်နည်းသင်တန်းအား ဖွင့်လှစ်ခဲ့သည်။

မင်းတုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပန်းတုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၂၇)ဦး တက်ရောက်ခဲ့ကြသည်။

ဟုမ္မလင်းမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်နှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က စိုက်ပျိုးရေးသိပ္ပံ၊ ဟုမ္မလင်းကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

စာ‌ရေးဆရာအောင်သင်း ရေးသားသည့် “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ စာရေးဆရာအောင်သင်းရေးသားသည့် “နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ” စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁း၃၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ရုံး( Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး အောင်မြင်ကြီးပွားကြောင်း နည်းကောင်း(၁၀၀) စာအုပ် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ သတိုးနွယ် ရေးသားသည့် အောင်မြင်ကြီးပွားကြောင်း နည်းကောင်း(၁၀၀) စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ခမောက်ကြီးမြို့တွင် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ (BookClcb) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားထားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် “အမွေခံတစ်ယောက်အ‌မွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊‌ ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)ရေးသားထားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်းဆောင်ရွက်

ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ Women Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီးအစိုးရ၏ခွင့်ပြုငွေဖြင့် ကွန်ပျုတာအခြေခံတန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ