ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မြောင်းမြခရိုင် Community Centre တွင် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုသည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre တွင် အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုသည့်အနေဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁:၃၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်၊ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က  စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံး ပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြောင်းတကာ) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပုလောမြို့နယ် ပုလောမြို့နယ် Community Centre ခန်းမ၌ စာအုပ်စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်စာ ပေချစ်သူများအဖွဲ့က ဆရာမခင်စောတင့် ရေးသားထားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့်က ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကင်းသာ)၌ လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ကင်းသာကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ကင်းသာ)၊ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ စာကြည့်တိုက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တတိယအကြိမ် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ စီစဉ်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် တတိယအကြိမ် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်းပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်  ၉ နာရီအချိန်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံသို့ သွားရောက်ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ