ကျောက်တံတားမြို့နယ် ပညာ့အလင်းစာကြည့်တိုက်တွင် စာအုပ်/စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ
စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် လူငယ်လူရွယ်များအသိအမြင် ဗဟုသုတများကြွယ်ဝလာပြီး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက် (၁၀) အချိန်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းစာကြည့်တိုက်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် လူငယ်လူရွယ်များတွေ့ဆုံ၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။