မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာမူလွန်အမှတ်(၂၀)ကျောင်းတို့ ပူးပေါင်း၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်၊စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီတွင် ကလေးစာဖတ်ခန်းခန်းမ၌ ကျင်းပသည်။