ဧရာဝတီတိုင်းဒေသကြီး

ဓနုဖြူမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

အင်္ဂပူမြို့နယ်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကြံခင်းမြို့၌ ဆန်၊ ကြက်ဥ၊ စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ​ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ ဈေးတာဝန်ခံရုံးရှေ့တွင် အခြေခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်စေရန် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဦးဆောင်မှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီက အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ စားအုန်းဆီနှင့် အသားဟင်းလျာများကို စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ဟင်္သာတတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အကြမ်းဖက်မှုကြိုတင်ကာကွယ် တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ကျောင်းစာကြည့်တိုက် စာဖတ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အကြမ်းဖက်မှုကြိုတင်ကာကွယ် တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲ လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံ့တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေး ဆွေးနွေးခြင်း အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံ့တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၊ အ.လ.က (လျှော်ကုန်း) ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) ဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံအတွင်းရှိ အခါကြီး၊ နေ့ကြီး၊ ရက်ကြီး အကြောင်းအရာများနှင့်ပတ်သက်၍ ပိုမိုသိရှိစေရန်နှင့် အသိပညာဗဟုသုတများပိုမိုတိုးပွားကာ ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနတို့ ပူးပေါင်း၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လျှော်ကုန်းကျေးရွာအုပ်စု၊ အ.လ.က (လျှော်ကုန်း) တွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ် Grade-12 တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများဟောပြောပွဲ အခမ်းအနားတက်ရောက်

၂၀၂၆ ခုနှစ် Grade-12 တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဆွေးနွေးဟောပြောပွဲကို ယမန်န်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင်ပြုလုပ်ခဲ့ရာ ဟောပြောပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၂၅)ရှိ KG ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၉၉)ဦးအား (သတ္တမအကြိမ်)ကျောင်းတွင်း အာဟာရ(School Meal)ကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (School Meal) အစီအစဥ်ကို(သတ္တမအအကြိမ်)မြောက် ဆောင်ရွက်လျက်ရှိခဲ့ကြသည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက် (၀၈:၀၀) နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး