မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့ စံပြမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက စံပြရပ်ကွက် မူလတန်းလွန်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

‎‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းမဝေးကို ယနေ့မွန်းလွဲပိုင်းက ကျင်းခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွက် ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများသို့ ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တက္ကသိုလ်များ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်း စာစောင်များကို ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် ဒီဇင်ဘာ ၁၈ ရက်နေ့နေ့လယ် ၁၂ နာရီခွဲအချိန်က ဖြန့်ဝေခဲ့ကြသည်။

မြင်းခြံမြို့၌ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကွင်းဆင်းထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ယနေ့နံနက် ၉နာရီခွဲက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့ အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့ အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ်၌ အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း၊ အသက် ၁၂ နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံပေး

‎မဟာအောင်မြေမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း အသက် ၁၂ နှစ် မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှမှစတင်ကာ မဟာအောင်မြေမြို့နယ်အတွင်း စုရပ်များဖွဲ့၍ ထိုးနှံပေးလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး