ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနှင့်စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။